ကျွန်တော်တို့ မြန်မာလူမျိုးတွေကို ယဉ်ကျေးသိမ်မွေ့ပါတယ်လို့ပြောရင် မှားလည်းမမှားသလို မှန်လည်းမမှန်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ယဉ်ကျေးသိမ်မွေ့ခြင်းဆိုတဲ့ အလေ့အထက မိရိုးဖလာဖြစ်ပြီး၊ ထိမ်းသိမ်းစောင့်ရှောက်မှု မဲ့နေတာကတော့ အခုခေတ်ကာလဖြစ်နေလို့ပါ။ တိတိကျကျပြောရရင်တော့ မဆလခေတ်နှောင်းပိုင်းကနေစလို့ အခု နအဖလက်ထက်အထိ တရိပ်ရိပ်တိုးလာနေတဲ့ ရိုင်းပြခြင်းကို ထိန်းချုပ်ဖို့ ခက်လာနေတာတော့ အမှန်ပဲဖြစ်ပါလိမ့်မယ်။ ကွမ်းတံတွေးတွေ ပစ်ကနဲထွေးရာကနေ ရန်ဖြစ်တာ၊ အလုပ်စကားပြောမယ်ဆိုပြီး အရက်ဝိုင်းဖွဲ့ရာကနေ စကားများရန်ဖြစ်တာ၊ စကားအပြောအဆိုမတတ်ရာကနေ တယောက်တခွန်းစကားများပြီး ရန်ဖြစ်တာ၊ တချို့ဆိုရင် အဲဒီရိုင်းပြမှုအခြေခံတွေကြောင့် အသက်ပါဆုံးတဲ့အထိ ဖြစ်ပျက်နေကြတာကိုလည်း တွေ့နိုင်ပါလိမ့်မယ်။
တဦးနဲ့တဦး ချိုချိုသာသာ ပြေပြေလည်လည်နဲ့ ပြောဆိုဆက်ဆံကြမယ်ဆိုရင် အရာအားလုံး ငြိမ်းချမ်းသာယာ လိမ့်မယ်လို့ ထင်ပါတယ်။ ကျောင်းတွေမှာဆိုရင် ဆရာမနဲ့ တပည့်ဆက်ဆံရေးကစလို့ လုပ်ငန်းခွင်အထိ ကောင်းမွန်တဲ့ ဆက်ဆံပြောဆိုရေးပုံစံကို မတည်ဆောက်နိုင်သေးတာ တွေ့ရမှာပါ။ အဲဒါတွေရဲ့ အဓိကတရားခံကတော့ နအဖ စစ်အုပ်စုပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ လူတွေ ညီညွတ်ချစ်ခင်နေကြရင် အမှန်တရားကို မြတ်နိုးတတ်လာမယ်၊ ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်မှာ ပျော်မွေ့တတ်လာမယ်။
အဲဒီလိုဖြစ်လာရင် သူတို့ အုပ်ချုပ်ချင်တိုင်း အုပ်ချုပ်လို့ မရနိုင်တော့ဘူး။ ဒ့ါကြောင့် လူတွေကို မညီညွတ်အောင်နဲ့ ပြဿနာတွေနဲ့ နေစဉ်ထိတွေနေရအောင် မသိမသာဖန်တီးပေးရာကနေ ကျွန်တော်တို့ မြန်မာပြည်သားအချင်းချင်းလည်း မညီမညွတ်ဖြစ်နေရတာပါ။
တဦးနဲ့တဦး အပြန်အလှန်လေးစားဖို့ လိုပါတယ်။ ကြီးတဲ့သူကလည်း ငယ်တဲ့သူအပေါ် ညှာတာထောက်ထားခြင်းနဲ့ အပြန်အလှန်လေးစားခြင်း ရှိရမှဖြစ်သလို၊ ငယ်တဲ့သူကလည်း ကြီးတဲ့သူကို ရိုသေလေးစားခြင်း ရှိရမှာဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ဝန်းကျင်ဟာ ညီညွတ်မျှတနေမှာပါ။ ဒါဖြင့်ရင်ကောင်းပြီ ကျွန်တော်တို့ ညီညွတ်မှုရှိအောင် လုပ်လို့ မရနိုင်တော့ဘူးလား <<ဆက်ဖတ်ရန်/ပြန်ခေါက်ရန်>>
မေးရင်တော့ ... ရပါတယ်လို့ ဖြေရမှာပါပဲ။ ကျွန်တော့်ရှုထောင့်ကနေ ဖြေရရင်တော့ အားကစားလုပ်ခြင်းကနေ၊ ပညာရပ်တွေကို လေ့လာဆည်းပူးနေခြင်းကနေ ညီညွတ်မှုကို တည်ဆောက်ယူလို့ရတာ အသေအချာပါပဲ။ ကျွန်တော်တို့ ကိုယ်ခံပညာသင်တန်းမှာဆိုရင် သင်တန်းချိန် စတဲ့အချိန်ကစလို့ ဆုံးတဲ့အချိန်အထိ ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ကစားကြသလို၊ တအူတုံဆင်း မောင်ရင်းနှမတွေလို ချစ်ခင်လေးစားမှုရှိတာကိုလည်း တွေ့ရပါတယ်။ အဲဒါမျိုးက အရက်ဝိုင်းမှာ မတွေ့နိုင်ပါဘူး။
အလုပ်ကိစ္စဆိုပြီး အရက်ဝိုင်းဖွဲ့မယ်။ အရှိန်ရလာရင် ပေါက်ကွဲလာမယ်။ အဆင်မပြေတဲ့ စကားတွေ မူမမှန်တဲ့စကားတွေနဲ့ တဦးကိုတဦး ပြောဆိုလာမယ်။ ထိန်းနိုင်တဲ့သူပါလာရင်တော့ ပြဿနာမဖြစ်နိုင်ပေမယ့် မထိန်းနိုင်သူတွေများရင်တော့ ပြဿနာသေချာပေါက်တက်လာတော့တာပါပဲ။
အဲဒါကြောင့် ကျွန်တော်တို့ မြန်မာပြည်သားအားလုံးကို ကျွန်တော့် ရှုထောင့်ကနေပြောရရင်တော့ အားကစားလိုက်စားပြီး ယဉ်ကျေးသိမ်မွေ့ခြင်းနဲ့ ဉာဏ်ပညာကြီးမားခြင်းကို ရှာဖွေကြည့်ပါ။ သိပ်ကောင်းတဲ့ ရသတွေကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ ဒီနေရာမှာ ယဉ်ကျေးသိမ်မွေ့ခြင်းနဲ့ ကြမ်းတမ်းလှတဲ့ ကိုယ်ခံပညာရပ် ဘယ်လိုဆက်စပ်နေသလဲဆိုတာ လက်တွေ့သာဓကတခုအနေနဲ့ ၀င်းထွန်း (လည်ဆည်) နဲ့ စောသဲအောင် (ဂျာမဏီပြန်) တို့ ထိုးသတ်တဲ့ လက်ဝှေ့ပွဲကို တင်ဆက်ပေးလိုက်ပါတယ်။ ပွဲပြီးအောင်အထိ စိတ်ရှည်ရှည်နဲ့ ကြည့်ပေးပါ။
ပညာမကွာပေမယ့် အသက်ငယ်တဲ့ ၀င်းထွန်းက သက်လုံကျနေပြီဖြစ်တဲ့ စောသဲအောင်ကို အလဲထိုးနိုင်လိုက်ပါတယ်။ ဒါပေမယ့် ပွဲပြီးတော့ ၀င်းထွန်းက စောသဲအောင်ကို လေးလေးစားစားနဲ့ လက်အုပ်ချီပြီး ကန်တော့တာကို မြင်ရတော့ ကြက်သီးမွှေးညင်းတွေထမိအောင်ကို ကြည်နူးရပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သားအားလုံး လက်ဝှေ့သမားတွေမဟုတ်ပေမယ့် ဘ၀တွေကို ရုန်းကန်နေရတာကတော့ လက်ဝှေ့ကြိုးဝိုင်းပေါ်မှာ ပြိုင်ပွဲဝင်နေရသလိုပါပဲ။ ဘ၀တွေရဲ့ ကြမ်းတမ်းမှုနောက်ကွယ်မှာ ယဉ်ကျေးသိမ်မွေ့ခြင်းတွေ ရှိရပါမယ်။ ယဉ်ကျေးသိမ်မွေ့ခြင်းတွေရှိသမျှ အောင်မြင်ခြင်းကလည်း ထပ်တူရှိနေမှာပါ။
အားလုံးချမ်းမြေ့ကြပါစေ ...
သီဟမောင်မောင်
ဒီဘလောဂ့်လေးရဲ့အကြောင်း
ကျွန်တော်က ဒီဘလော့ဂ်လေးကို
“Gentle Fist” လို့ အမည်ပေး
ထားပါတယ်။
“သိမ်မွေ့သောလက်သီး” ပေါ့။
တိုက်ခိုက်တဲ့အတတ်ပညာရဲ့အစနဲ့
အဆုံးက“နူးညံ့သိမ်မွေ့ခြင်း”ပါ။
ကျွန်တော်တို့ “ငြိမ်းချမ်းမှု” ကို လို
လားပါတယ်။
“Martial Arts” တွေကို သင်ကြား
လေ့ကျင့်ခြင်းကနေ ငြိမ်းချမ်းအေးမြ
ခြင်းတွေကိုရှာကြည့်ကြရအောင်။
ကျွန်တော်နဲ့ဆက်သွယ်ချင်ရင်
ကျွန်တော်ရေးထားတဲ့ပို့စ်တွေနဲ့
ပတ်သက်ပြီး ပြောစရာတစုံတရာ
ရှိခဲ့ရင်.....
Martial Arts နဲ့ပတ်သက်ပြီး
ဆွေးနွေးစရာရှိရင်.....
gentlefist2009@gmail.com ကို
ဆက်သွယ်ပြောဆိုနိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည်က လူငယ်
တွေ တိုးတက်ဖွံ့ဖြိုးရေးအတွက်ရည်
ရွယ်ထားတာကြောင့် မသက်ဆိုင်တဲ့
အကြောင်းရပ်များရှိခဲ့ရင် မဆွေးနွေး
နိုင်ပါကြောင်း ကြိုတင်အသိပေးပါ
တယ်။
ဘလောဂ်ရေးသူရဲ့မှတ်စု
*၁၉၇၁ ခုနှစ် မန္တလေးမှာမွေးဖွား
*၁၉၉၂ မှာ ၁၀ တန်းအောင်၊
၁၉၉၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ်
ကနေ ဓာတုဗေဒအဓိကနဲ့ ဘွဲ့ရရှိခဲ့။
*၁၉၉၃ ခုနှစ်မှာထုတ်တဲ့ လူထုဒေါ်
အမာရဲ့ထိုင်းဝတ္ထုတိုများ(၁) ထဲမှာ
ပါတဲ့ အတွင်းသရုပ်ဖော်ပုံတွေနဲ့
စာနယ်ဇင်းဒီဇိုင်းအနုပညာလောက
ထဲ ၀င်ရောက်ခဲ့။
*အသက် ၁၃ နှစ်အရွယ်မှာ မြန်မာ့
ရိုးရာလက်ဝှေ့နဲ့ မြန်မာ့သိုင်းပညာကို
စတင်လေ့ကျင့်သင်ကြားခဲ့။
*အသက် ၁၇ နှစ်အရွယ်မှာ
Kyokushin Karate ကို မန္တလေးမှာ
သင်ကြားခဲ့။
*၁၉၉၃ ခုနှစ်မှာ ပထမအဆင့်
ခါးစည်းအနက် (Sho Dan) ကိုရရှိခဲ့။
*၂၀၀၅ ခုနှစ်မှာ ဒုတိယအဆင့် ခါး
စည်းအနက် (Ni Dan) ကို ရန်ကုန်မှာ
ဖြေဆိုအောင်မြင်ခဲ့။
*၂၀၀၆ ခုနှစ်မှာDynamic Aikido
Club ကနေပထမအဆင့် ခါးစည်းနက်
(Sho Dan) ကိုရရှိခဲ့။
*၁၉၉၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်
ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်
အထိ ရန်ကုန်စာနယ်ဇင်းအနုပညာ
လောကမှာ Graphic Designer တဦး
အနေနဲ့ အသက်မွေးခဲ့။
*တဖက်မှာလည်း International
Karate Organization
(Kyokushinkaikan) ရဲ့နည်းပြ
တဦးအနေနဲ့ မန္တလေးနဲ့ ရန်ကုန်တို့မှာ
သင်ကြားပြသပေးခဲ့။
*၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှာ သူငယ်
ချင်း (၃) ဦးနဲ့အတူ ပူးပေါင်းပြီး
FOUR=ART ဆိုတဲ့အနုပညာပြပွဲ
တခု ရန်ကုန်မြို့ ၃၄ လမ်းက AZADA
အနုပညာပြခန်းမှာ ပြသခဲ့။
*အခုလက်ရှိ ထိုင်း-မြန်မာနယ်စပ်
တနေရာက မြန်မာရွှေ့ပြောင်းကလေး
ငယ်တွေ စာသင်တဲ့ အထက်တန်း
ကျောင်းတခုမှာကွန်ပျူတာဂရပ်ဖစ်
ဒီဇိုင်းပညာကို သင်ကြားရင်း မြန်မာ့
ရိုးရာလက်ဝှေ့ပညာကိုဆရာ (၂) ဦး
နဲ့ ပူးပေါင်းသင်ကြားနေပြီး ဂရပ်ဖစ်
ဒီဇိုင်း အနုပညာတွေကို လုပ်ကိုင်
လျှက်ရှိ။
Tuesday, November 17, 2009
တဦးနဲ့တဦး အပြန်အလှန်လေးစားခြင်း
Subscribe to:
Post Comments (Atom)
လျှောက်လည်မယ်ဆိုရင်
-
-
-
မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၂-၂၀၁၀)22 hours ago
-
သားသား( ၄)1 day ago
-
ချစ်သူများနေ့တဲ့လား1 day ago
-
မရိုးနိုင်တဲ့ခံစားမှုတွေနဲ့ ပုဂံလမ်းသစ်2 days ago
-
နှစ်သစ်ကူးမှာ ရူးကြည့်ရအောင်5 weeks ago
-
မီးအိမ်ပျောက်တဲ့မြစ်1 month ago
-
-
အရုပ်ကလေးရဲ့ မေမေ4 months ago
-
Blog Archive
-
▼
2009
(11)
-
▼
Nov
(10)
- ဉာဏ်ပညာနဲ့ခွန်အား မြင့်မားလာရန်မှတပါး
- အိယာအိဒို (သို့မဟုတ်) အနုရသ ကကြိုးတပုဒ်
- အမှန်တရားကိုရှာဖွေဖို့
- နှင်းဆီပန်းလေးတပွင့် (သို့မဟုတ်) Dr. Rosi Sexton
- ကိုမင်းကိုနိုင်အတွက်မွေးနေ့ဆုတောင်း
- တဦးနဲ့တဦး အပြန်အလှန်လေးစားခြင်း
- ကြံ့ခိုင်သန်စွမ်းခြင်းတွေနဲ့အတူ ညှို့အားပြင်းပြင်း...
- သွက်လက် ထက်မြက် ချောမော လှပ
- ကြမ်းပေါ်နှစ်ကြိမ်ကျခဲ့ပေမယ့် ... (ပြန်လည်ဖော်ပြခြင...
- အားလုံးမင်္ဂလာပါ
-
▼
Nov
(10)


0 comments:
Post a Comment