Thursday, November 26, 2009

အိယာအိဒို (သို့မဟုတ်) အနုရသ ကကြိုးတပုဒ်

အိယာအိဒို (Iaidō) ဆိုတာက ဓားအထုတ်အသွင်းပြုလုပ်တဲ့အတတ်ပညာပါ။
ဂျပန်ရိုးရာကိုယ်ခံပညာတွေ အများကြီးရှိတဲ့အထဲက လက်နက်နဲ့တိုက်ခိုက်တဲ့
အတတ်ပညာတွေလည်း ဆာမူရိုင်းတွေနဲ့အတူ ယှဉ်တွဲပေါက်ဖွားလာပါတယ်။

အဲဒီအထဲက ကင်ဒို (Kendo) လို့ခေါ်တဲ့ ဓားသိုင်းပညာရပ်ကတော့ ရုပ်ရှင်တွေ
မီဒီယာတွေကတဆင့် မစိမ်းလှပေမယ့် အိယာအိဒိုလို့ခေါ်တဲ့ ဓားအထုတ်
အသွင်းပညာရပ်ကတော့ သိပ်မရင်းနှီးသေးဘူးလို့ ထင်ပါတယ်။

၁၅ ရာစုလောက်က ပေါ်တဲ့ ဒီအတတ်ပညာဟာ ဂျပန်ရိုးရာအမွေအနှစ်တခု
ဖြစ်ပြီး အနုပညာရပ်တခုလည်း ဖြစ်ပါတယ်။

<<ဆက်ဖတ်ရန်/ပြန်ခေါက်ရန်>>


ဆာမူရိုင်းတွေ၊ ဇင်ဗုဒ္ဓဘာသာနဲ့အတူ ဂျပန်ရိုးရာကိုယ်ခံပညာရပ်တွေဟာ ဒီနေ့ခေတ်
ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးအသီးသီးကို ဘာကြောင့် ညှို့ယူဖမ်းစားနိုင်စွမ်းရှိတာလဲ ဆို
တာကတော့ လက်တွေ့ကြည့်မှပဲ သိနိုင်မယ်လို့ထင်ပါတယ်။

ဟောလိဝုဒ်ရုပ်ရှင်လောကရဲ့ ဓားခုတ်ခန်းနဲ့ တိုက်ခိုက်သတ်ပုတ်ခန်းတွေပါတဲ့ ဇာတ်
ကွက်တွေအားလုံးဟာ ဂျပန်ရိုးရာကိုယ်ခံပညာ တခုမဟုတ်တခုနဲ့ ပတ်သက်ဆက်နွှယ်
နေပါတယ်။ ဓားလို့ကြားလိုက်တာနဲ့ အသွားမြနေပြီး သွေးသောက်ဖို့ဆိုတဲ့ ခံစားချက်
များရှိခဲ့ရင် အခုအောက်မှာဖော်ပြထားတဲ့ အိယာအိ ခတ ၁၃ ကွက် ကစားတာကိ
ုကြည့်လိုက်ပါ။

ကဗျာတပုဒ်ကိုဖတ်ရသလို၊ အလင်္ကာမြောက် ကကြိုးကကွက်တွေကိုကြည့်လိုက်ရ
သလိုမျိုး ခံစားရစေလိမ့်မယ်လို့ ထင်ပါတယ်။ ခုခံကာကွယ်တိုက်ခိုက်တဲ့ အတတ်
ပညာတွေဟာ နူးညံသိမ်မွေ့သလို အနုရသမြောက်လှတဲ့ တင်ဆက်မှုတခုလို့ ဆို
လိုက်ချင်ပါတယ်။


သီဟမောင်မောင်







2 comments:

SB.Sangpi said...

အရမ်းအားကျပါတယ်..
အခုလိုဖော်ပြပေးတာ ကျေးဇူးပါ..
ကျွန်တော်ရဲ့ ပထမဦးဆုံးပါ..ကျွန်တော်လဲ ၀ါသနာပါတယ်..
လာရောက်လည်ပတ်နိုင်ပါတယ်.. www.sbsangpi.co.cc

~ဏီလင်းညို~ said...

အစ်ကိုရေ...
လာလည်သွားပါတယ်ခင်ဗျာ...။
စီဘောက် မတွေ့လို့ ဒီနေရာလေးမှာရေးသွားပါတယ်...။
စာတွေ အများကြီးရေးနိုင်ပါစေခင်ဗျ...။

ခင်မင်တတ်တဲ့
ဏီလင်းညို

Post a Comment