အရပ်အမြင့် ၅ ပေ ၄ လက်မရှိပြီး ကိုယ်အလေးအချိန် ၁၂၅ ပေါင်ရှိတဲ့ သူမကို အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ မွေးဖွားခဲ့ပါတယ်။ အခုအချိန်မှာ အသက် ၃၀ ရှိပြီဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အမြင်နဲ့တော့ အသက်နည်းနည်းရနေပြီ၊ အသက်ကြီးနေပြီလို့ ဆိုနိုင်ပါတယ်။ MMA လို့ခေါ်တဲ့ Mixed Martial Arts ပြိုင်ပွဲအရပ်ရပ်ရဲ့ အမျိုးသမီးပြိုင်ပွဲ ထိပ်တန်းပွဲစဉ် ၉ ပွဲမှာ ၈ ပွဲနိုင်ပြီး ၁ ပွဲသရေနဲ့ ရှုံးပွဲမရှိသေးပါဘူး။ သူမဟာ တိုက်ကွမ်ဒို ခါးစည်းအနက် ပညာရှင်တဦးဖြစ်ပြီး Grappling လို့ခေါ်တဲ့ ဂျူဒိုလို ချုပ်ရကိုင်ပေါက်ရတဲ့ နဘမ်းပြိုင်ပွဲကို လွန်ခဲ့တဲ့ ၉ နှစ်လောက် ကတည်းက ကြေးစားအဆင့် ကျင်လည် တတ်ကျွမ်းခဲ့သူဖြစ်ပါတယ်။ GMTV နဲ့ Rosi ရဲ့အင်တာဗျူး
ဒီဆောင်းပါးကလေးကလည်း ရောင်ခြည်ဦးဂျာနယ် အတွဲ (၂) အမှတ် (၃) ထဲမှာ ဖော်ပြခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအပတ်က ပညာနဲ့ပတ်သက်တဲ့ ခေါင်းစဉ်ကိုတင်တော့ ကျွန်တော့်ဆောင်းပါးနဲ့က အံကိုက်ဖြစ်သွားတယ်။ Rosi Sexton က ကွန်ပျူတာ ဘာသာရပ်တခုနဲ့ ဒေါက်တာဘွဲ့ရခဲ့ပြီး MMA မှာလည်း ချန်ပီယံဖြစ်နေသူကိုး။ ကျွန်တော့် ကိုယ်ခံပညာသင်တန်းက သင်တန်းသားတွေ အားကျအတုယူစေချင်သလို မြန်မာပြည်က ညီငယ်ညီမငယ်တွေလည်း အားကျအတုယူစေချင်တာကြောင့် အခု ပြန်လည် ဖော်ပြ ပေးလိုက်တာပါ။
သီဟမောင်မောင်
ကျွန်တော်ပြီးခဲ့အပတ်က ကီရာဂရေစီအကြောင်းကို ပြောပြခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ တမျိုးတဆွေလုံး ကိုယ်ခံပညာထူးချွန်တဲ့ ဂရေစီမိသားစုရဲ့ ကြမ်းကြမ်းတမ်းတမ်းဦးလေး တွေကြားထဲက တူမချောလေး ကီရာဂရေစီရဲ့အလှနဲ့ ကိုယ်ခံပညာထူးချွန်ပုံတွေကို မိတ်ဆက်ပေးခဲ့တာပါ။ အခုတပတ်တော့ ကီရာဂရေစီလောက် ရုပ်ရည်ချောမောမှုမရှိပေမယ့် ကိုယ်ခံပညာရပ်မှာ ထူးချွန်သလို ပညာရည်မှာလည်း ထူးချွန်လှတဲ့ ရိုစီဆက်စ်တမ်ဆိုတဲ့ အမျိုးသမီးတယောက်နဲ့ မြန်မာပြည်သား ညီငယ်ညီမငယ်လေးတွေအတွက် မိတ်ဆက်ပေးချင်ပါတယ်။ <<ဆက်ဖတ်ရန်/ပြန်ခေါက်ရန်>>
နောက်ထပ်အံ့သြစရာ သိပ်ကောင်းတာက သူမရဲ့ ပညာအရည်အချင်းပါ။ ကင်းဘရစ်ခ်ျတက္ကသိုလ်ကနေ သင်္ချာဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ပြီး၊ Theoretical Computer Science ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ကို မန်ချက်စတာကနေရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူမယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းကိုကြည့်လိုက်ရင် ခွန်အားနဲ့ ဉာဏ်စွမ်းကို ၅၀% စီမျှပြီး တိုက်ခိုက်အောင်ပွဲဝင်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။
ကျွန်တော်တို့ ပြန်စဉ်းစားကြည့်ရအောင် ‘စာကျက်နေလို့ အိမ်ရှေ့တောင် လမ်းထွက်မလျှောက်ဖြစ်ပါဘူး’ လို့ ကျွန်တော်တို့ မြန်မာပြည်က ကျောင်းသား ကျောင်းသူ လူငယ်လေးတွေ ပြောလေ့ရှိကြတယ်မဟုတ်လား။ အဲဒီစာတွေကျက်ပြီးတော့ရော နိုင်ငံတကာအဆင့်ကို တက်လှမ်းနိုင်တာ ဘာများရှိခဲ့ပါသလဲ။ တပါတီ အာဏာရှင်ခေတ်နဲ့ န၀တ/နအဖ စစ်အာဏာရှင် ခေတ်က ပညာရေးစနစ်က လူငယ်တွေ အတွက် ဘာများအကျိုးရှိစေခဲ့လဲ။ အဲဒီလိုနဲ့ ကျွန်တော်တို့ တိုင်းပြည်က အဖိုးတန်လူငယ်လေးတွေ ဆုံးရှုံးနေရချိန်မှာ ရိုစီတယောက် ကတော့ ခက်ခဲကြမ်းတမ်းလှတဲ့ MMA ရဲ့ ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ရုံတင်မကဘူး ပညာအရည်အချင်းမှာ PhD ဒေါက်တာဘွဲ့ ကိုတောင် ရရှိခဲ့ပါ သေးတယ်။ ဒါတွေအားလုံးဟာ နိုင်ငံကို ဦးစီးဦးဆောင် ပြုသူတွေရဲ့ အရည်အချင်းနဲ့ပဲ သက်ဆိုင်လိမ့်မယ်လို့ ဆိုချင်ပါ တယ်။ ပညာတတ် ဦးဆောင်တဲ့ နိုင်ငံက လူငယ်တွေရဲ့ အရည်အချင်းတွေဟာ တောက်ပြောင်နေမှာဖြစ်ပြီး ပညာမဲ့သူတွေ ဦးဆောင်တဲ့ နိုင်ငံက လူငယ်တွေရဲ့ ဘ၀ဟာလည်း အမြဲတမ်း အမှောင်ကျနေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အားကျသင့် အားကျထိုက်သူကို အတုယူရင်း အောင်မြင်တဲ့ ဘ၀တွေပိုင်ဆိုင်ဖို့ မြန်မာပြည်က ညီငယ် ညီမငယ် လေးတွေအတွက် ရိုစီဆက်စ်တမ်အကြောင်းကို မိတ်ဆက်လိုက်ရ ပါတယ်။ ညီငယ်ညီမငယ်တွေအားလုံးလည်း အာဏာရှင် စနစ်အောက်က အမြန်ဆုံးလွတ်မြောက်ပြီး အဖက်ဖက်က ထူးချွန် ပြောင်မြောက် သူတွေ ဖြစ်စေဖို့ ဆုတောင်းလိုက်ပါတယ်။
အဂ္ဂ
ဒီဘလောဂ့်လေးရဲ့အကြောင်း
ကျွန်တော်က ဒီဘလော့ဂ်လေးကို
“Gentle Fist” လို့ အမည်ပေး
ထားပါတယ်။
“သိမ်မွေ့သောလက်သီး” ပေါ့။
တိုက်ခိုက်တဲ့အတတ်ပညာရဲ့အစနဲ့
အဆုံးက“နူးညံ့သိမ်မွေ့ခြင်း”ပါ။
ကျွန်တော်တို့ “ငြိမ်းချမ်းမှု” ကို လို
လားပါတယ်။
“Martial Arts” တွေကို သင်ကြား
လေ့ကျင့်ခြင်းကနေ ငြိမ်းချမ်းအေးမြ
ခြင်းတွေကိုရှာကြည့်ကြရအောင်။
ကျွန်တော်နဲ့ဆက်သွယ်ချင်ရင်
ကျွန်တော်ရေးထားတဲ့ပို့စ်တွေနဲ့
ပတ်သက်ပြီး ပြောစရာတစုံတရာ
ရှိခဲ့ရင်.....
Martial Arts နဲ့ပတ်သက်ပြီး
ဆွေးနွေးစရာရှိရင်.....
gentlefist2009@gmail.com ကို
ဆက်သွယ်ပြောဆိုနိုင်ပါတယ်။
ကျွန်တော်တို့ မြန်မာပြည်က လူငယ်
တွေ တိုးတက်ဖွံ့ဖြိုးရေးအတွက်ရည်
ရွယ်ထားတာကြောင့် မသက်ဆိုင်တဲ့
အကြောင်းရပ်များရှိခဲ့ရင် မဆွေးနွေး
နိုင်ပါကြောင်း ကြိုတင်အသိပေးပါ
တယ်။
ဘလောဂ်ရေးသူရဲ့မှတ်စု
*၁၉၇၁ ခုနှစ် မန္တလေးမှာမွေးဖွား
*၁၉၉၂ မှာ ၁၀ တန်းအောင်၊
၁၉၉၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ်
ကနေ ဓာတုဗေဒအဓိကနဲ့ ဘွဲ့ရရှိခဲ့။
*၁၉၉၃ ခုနှစ်မှာထုတ်တဲ့ လူထုဒေါ်
အမာရဲ့ထိုင်းဝတ္ထုတိုများ(၁) ထဲမှာ
ပါတဲ့ အတွင်းသရုပ်ဖော်ပုံတွေနဲ့
စာနယ်ဇင်းဒီဇိုင်းအနုပညာလောက
ထဲ ၀င်ရောက်ခဲ့။
*အသက် ၁၃ နှစ်အရွယ်မှာ မြန်မာ့
ရိုးရာလက်ဝှေ့နဲ့ မြန်မာ့သိုင်းပညာကို
စတင်လေ့ကျင့်သင်ကြားခဲ့။
*အသက် ၁၇ နှစ်အရွယ်မှာ
Kyokushin Karate ကို မန္တလေးမှာ
သင်ကြားခဲ့။
*၁၉၉၃ ခုနှစ်မှာ ပထမအဆင့်
ခါးစည်းအနက် (Sho Dan) ကိုရရှိခဲ့။
*၂၀၀၅ ခုနှစ်မှာ ဒုတိယအဆင့် ခါး
စည်းအနက် (Ni Dan) ကို ရန်ကုန်မှာ
ဖြေဆိုအောင်မြင်ခဲ့။
*၂၀၀၆ ခုနှစ်မှာDynamic Aikido
Club ကနေပထမအဆင့် ခါးစည်းနက်
(Sho Dan) ကိုရရှိခဲ့။
*၁၉၉၉ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်
ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်
အထိ ရန်ကုန်စာနယ်ဇင်းအနုပညာ
လောကမှာ Graphic Designer တဦး
အနေနဲ့ အသက်မွေးခဲ့။
*တဖက်မှာလည်း International
Karate Organization
(Kyokushinkaikan) ရဲ့နည်းပြ
တဦးအနေနဲ့ မန္တလေးနဲ့ ရန်ကုန်တို့မှာ
သင်ကြားပြသပေးခဲ့။
*၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှာ သူငယ်
ချင်း (၃) ဦးနဲ့အတူ ပူးပေါင်းပြီး
FOUR=ART ဆိုတဲ့အနုပညာပြပွဲ
တခု ရန်ကုန်မြို့ ၃၄ လမ်းက AZADA
အနုပညာပြခန်းမှာ ပြသခဲ့။
*အခုလက်ရှိ ထိုင်း-မြန်မာနယ်စပ်
တနေရာက မြန်မာရွှေ့ပြောင်းကလေး
ငယ်တွေ စာသင်တဲ့ အထက်တန်း
ကျောင်းတခုမှာကွန်ပျူတာဂရပ်ဖစ်
ဒီဇိုင်းပညာကို သင်ကြားရင်း မြန်မာ့
ရိုးရာလက်ဝှေ့ပညာကိုဆရာ (၂) ဦး
နဲ့ ပူးပေါင်းသင်ကြားနေပြီး ဂရပ်ဖစ်
ဒီဇိုင်း အနုပညာတွေကို လုပ်ကိုင်
လျှက်ရှိ။
Friday, November 20, 2009
နှင်းဆီပန်းလေးတပွင့် (သို့မဟုတ်) Dr. Rosi Sexton
Subscribe to:
Post Comments (Atom)
လျှောက်လည်မယ်ဆိုရင်
-
-
-
မြန်မာ့ရေးရာ သတင်းပဒေသာ (၈-၂-၂၀၁၀)22 hours ago
-
သားသား( ၄)1 day ago
-
ချစ်သူများနေ့တဲ့လား1 day ago
-
မရိုးနိုင်တဲ့ခံစားမှုတွေနဲ့ ပုဂံလမ်းသစ်2 days ago
-
နှစ်သစ်ကူးမှာ ရူးကြည့်ရအောင်5 weeks ago
-
မီးအိမ်ပျောက်တဲ့မြစ်1 month ago
-
-
အရုပ်ကလေးရဲ့ မေမေ4 months ago
-
Blog Archive
-
▼
2009
(11)
-
▼
Nov
(10)
- ဉာဏ်ပညာနဲ့ခွန်အား မြင့်မားလာရန်မှတပါး
- အိယာအိဒို (သို့မဟုတ်) အနုရသ ကကြိုးတပုဒ်
- အမှန်တရားကိုရှာဖွေဖို့
- နှင်းဆီပန်းလေးတပွင့် (သို့မဟုတ်) Dr. Rosi Sexton
- ကိုမင်းကိုနိုင်အတွက်မွေးနေ့ဆုတောင်း
- တဦးနဲ့တဦး အပြန်အလှန်လေးစားခြင်း
- ကြံ့ခိုင်သန်စွမ်းခြင်းတွေနဲ့အတူ ညှို့အားပြင်းပြင်း...
- သွက်လက် ထက်မြက် ချောမော လှပ
- ကြမ်းပေါ်နှစ်ကြိမ်ကျခဲ့ပေမယ့် ... (ပြန်လည်ဖော်ပြခြင...
- အားလုံးမင်္ဂလာပါ
-
▼
Nov
(10)


0 comments:
Post a Comment